kiosk furniture logo
coupon
K
0 coin

အိမ်တွင်းဗဟုသုတ - စတီးဗီဒိုတွေဟာ သံချေးတက်နိုင်ပါသလား?

ใช้ตู้เหล็ก เสี่ยงสนิมขึ้นไหม

ယနေ့ခေတ်တွင် စတီးပရိဘောဂများ ပိုမိုခေတ်စားလာပါသည်။ အထူးသဖြင့် အသုံးပြုမှုအမျိုးမျိုးကို ပံ့ပိုးပေးသော စတီးဗီဒိုများအား အသုံးပြုလာကြခြင်းပင်ဖြစ်သည်။ ဗီရို၊ ဖိနပ်ပုံး၊ စာအုပ်စင် သို့မဟုတ် အခြား ကက်ဘိနက်ကဲ့သို့သော စတီးပရိဘောဂများနှင့်ပတ်သက်၍ လူအများစုသည် အနာဂတ်အသုံးပြုမှုကို ထိခိုက်စေမည့် သံချေးတက်နိုင်သည့် အန္တရာယ်နှင့်ပတ်သက်၍ အတွေးအမြင်ရှိကောင်းရှိနိုင်သည်။ စတီးဗီဒိုများကို အချိန်အကြာကြီးအသုံးပြုပါက သံချေးတက်နိုင်ခြေရှိ/မရှိနှင့် သံချေးတက်သည့်အခါ ဘာလုပ်ရမည်ကို သိလိုပါက လူကြီးမင်းရဲ့သံသယတွေကို မိမိတို့နှင့်အတူ လာဖြေရှင်းလိုက်ပါ။


စတီးကက်ဘိနက် ဗီဒိုများကို အဘယ်ကြောင့်ရွေးချယ်သင့်သနည်း? အရေးကြီးသောအကြောင်းရင်းများကို ကြည့်ပါ။

စတီးဗီိဒိုအား တခါမှမသုံးဖူးသူတိုင်းအတွက် စတီးနဲ့ ပြုလုပ်ထားတဲ့ ဗီဒိုတွေဟာ သင်ထင်ထားတာထက် အသုံးပြုမှုမှာ သူတို့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အားသာချက်တွေ ပိုရှိနေပါတယ်။ ထူးခြားသောဂုဏ်သတ္တိများရှိသည့် စတီးဖြင့်ပြုလုပ်ထားသော ဗီဒိုသည် သစ်သား (သို့) ပလပ်စတစ်ဖြင့်ပြုလုပ်ထားသော ဗီဒိုများထက် အလေးချိန်များစွာ ပိုတင်၍ အသုံးပြုနိုင်သည်။ ခိုင်ခံ့ပြီး၊ တာရှည်ခံသောပစ္စည်းဖြစ်သည်။ အဝတ်အစားများ၊ စာရွက်စာတမ်းများ၊ ဖိနပ်များ (သို့) အခြားပစ္စည်းများကို မည်မျှပင် သိမ်းဆည်းထားပါစေ စတီးစင်သည် အလေးချိန်ကို ကောင်းစွာထောက်မနိုင်သည့်အတွက် လူကြီးမင်း၏ပစ္စည်းများ ပျက်စီးမည်ကို စိုးရိမ်စရာမလိုပါ။

အလေးချိန်ကို ထူးထူးခြားခြား ကောင်းမွန်စွာထိန်းနိုင်သည့် ဂုဏ်သတ္တိများအပြင် စတီးဗီဒိုများကို အသုံးပြုခြင်းဖြင့် သင့်အိမ်ကို ပိုးမွှားများ၊ မှိုများနှင့် အစိုပြန်ခြင်းပြဿနာများ ကင်းဝေးစေပါသည်။ ထို့ပြင် စတီးပရိဘောဂအများစုသည် အခြားပရိဘောဂများနှှင့် ရောနှောမထားပဲ သီးသန့်ထားသုံးသည့်အခါတွင်လည်း လှပမှုရှိသည်။ အကယ်၍ သင်ဟာ သင့်အိမ်ထဲက ပရိဘောဂတွေ ပြန်စီစဥ်ရတာကို နှစ်သက်သူတစ်ယောက်ဖြစ်ပါက စတီးဗီဒိုတွေဟာ အိမ်ရဲ့ ဘယ်နေရာကိုမဆို အလွယ်တကူ ရွှေ့လို့ရပါတယ်။ ယနေ့ခေတ်တွင် အိမ်အလှဆင်မှုပုံစံတိုင်းနှင့် လိုက်ဖက်မှုရှိစေရန် စတီးဗီဒိုများကို ပုံစံအမျိုးမျိုးနှင့် အရောင်အသွေးစုံအောင် ဒီဇိုင်းထုတ်ထားပါသည်။ ထို့ကြောင့် စတီးဗီဒိုများသည် ပုံမှန်ပရိဘောဂကဲ့သို့ အသုံးဝင်ရုံသာမက တစ်ချိန်တည်းမှာပင် အိမ်အလှဆင်ခြင်းအတွက်ပါ အသုံးပြုနိုင်သည်။

နောက်ဆုံးအကြောင်းရင်းကတော့ ထိန်းသိမ်းရလွယ်ကူတဲ့ ပရိဘောဂဖြစ်တာကြောင့် စတီးဗီဒိုတွေကို လူတော်တော်များများက သဘောကျကြပါတယ်။ ရှည်လျားသော ဝန်ဆောင်မှုသက်တမ်းရှိပြီး လိုအပ်သလို အမျိုးမျိုးအသုံးပြုနိုင်သည်။ အဝတ်အစားဗီရိုအဖြစ်သာမက ခြောက်သွေ့သော အစားအစာများ သိုလှောင်သည့် ဗီရိုအဖြစ်သို့လည်းကောင်း၊ ဖိုင်တွဲများထားရန်ဗီဒို၊ သို့မဟုတ် အခြားသော အထွေထွေပစ္စည်းများထားသည့်ဗီဒို အဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ဤသည်ကို ဘက်စုံသုံး စတီးဗီရိုတစ်လုံး ဝယ်ယူခြင်းဟုခေါ်သည်။ အသုံးပြုရလွယ်ကူပြီး၊ ပေးရတဲ့ဈေးနဲ့ အရမ်းတန်ပါတယ်။


စတီးဗီဒိုကို အချိန်အကြာကြီး အသုံးပြုပါက သံချေးတက်နိုင်ပါသလား?

စတီးဗီဒိုများသည် အားသာချက်များစွာရှိသည့် ဘက်စုံသုံးပရိဘောဂများဖြစ်သော်လည်း “သံချေး” သည် လူများစွာကို တွန့်ဆုတ်သွားစေသည့် ပြဿနာတစ်ခုဖြစ်နေဆဲဖြစ်သည်။ စတီးဗီဒိုဝယ်ဖို့ မဆုံးဖြတ်ရသေးခင်ကပင် စတီးဗီဒိုများကို အချိန်အကြာကြီးအသုံးပြုပါက သံချေးပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

မည်သည့် သံ(သို့)စတီးပရိဘောဂပင်ဖြစ်စေ သံချေးတက်နိုင်ခြေ ရှိပါသည်။ စတီးမျက်နှာပြင်သည် ရေ(သို့)လေထုထဲရှိ အောက်ဆီဂျင်နှင့် အစိုဓာတ် တုံ့ပြန်မှုကြောင့် သံချေးတက်ရခြင်းဖြစ်သည်။ ၎င်းသည် သံမဏိကို အောက်ဆိုဒ်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲစေပြီး အနီရောင်အစွန်းအထင်းများ၊ ချေးများနှင့် မာကျောမှုအားကို လျော့နည်းစေသည်။ ပတ်ဝန်းကျင်အခြေအနေ၊ ထုတ်လုပ်မှုလုပ်ငန်းစဥ်နှင့် အသုံးပြုသူ၏ အသုံးပြုပုံနှင့် ထိန်းသိမ်းမှုပေါ်မူတည်ပြီး သေးငယ်တဲ့ ဧရိယာကနေ အသုံးပြုလို့မရတော့တဲ့အထိ ပျံ့နှံ့သွားနိုင်ပါတယ်။

စတီးဗီဒိုကိုဝယ်သုံးချင်သော်လည်း သံချေးတက်နိုင်ချေရှိ/မရှိ စိုးရိမ်နေသူများအတွက် ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ယနေ့ခေတ် စတီးပရိဘောဂများကို စံချိန်စံညွှန်းပြည့်မီသော လုပ်ငန်းစဥ်များဖြင့် ထုတ်လုပ်ထားတာကြောင့် အခွင့်အလမ်း အလွန်နည်းပါးပါသည်။ သံချေးတက်ခြင်းအားကာကွယ်ရန် ဇင့်ဖော့စဖိတ်ဖြင့် ဖုံးအုပ်ထားပြီး၊ သင့်လျော်သောအချိန် အတိုင်းအတာတစ်ခုအထိ အပူဖုတ်ပေးထားသောကြောင့် အသုံးပြုရာတွင် တာရှည်ခံမှုကို တိုးမြင့်စေသည်။ ထို့ကြောင့် သံချေးတက်ခြင်းပြဿနာကို သိသိသာသာ လျော့ကြစေသည်။ လူကြီးမင်းရဲ့ စတီးဗီဒိုက သံချေးမတက်ဘူးဆိုတာ စိတ်ချပါ။


စတီးဗီဒိုများကို စနစ်တကျထိန်းသိမ်းရန် အကြံပြုချက်များ

စတီးပရိဘောဂထုတ်လုပ်သော စက်ရုံ၏ စံချိန်စံညွှန်းများထဲမှတစ်ခုသည် သံချေးတက်ခြင်းကို ကာကွယ်ရန် အချက်ဖြစ်သည်။ အရေးကြီးသောအချက်မှာ လူကြီးမင်းအနေဖြင့် စတီးဗီဒိုများအား ရေရှည်တည်တံ့ပြီး သံချေးမတက်အောင် မည်ကဲ့သို့ စနစ်တကျ ထိန်းသိမ်းရမည်ဆိုသော နည်းလမ်းများကို သိထားသင့်ခြင်းပင်ဖြစ်သည်။ ဤနည်းလမ်းများကို အသုံးပြု၍ အလွယ်တကူ လုပ်ဆောင်နိုင်ပါသည်။

  • ငှက်မွှေးတံအသုံးပြု၍ ဖုန်မှုန့်များကို သန့်စင်ပါ။ သို့မဟုတ် စိုစွတ်သောအ၀တ်စကိုသုံး၍ ခြောက်သောအဝတ်ဖြင့် ပုံမှန်သုတ်ပေးပါ။

  • ပရိဘောဂတွေကို ရေ ဒါမှမဟုတ် အစိုဓာတ်နဲ့ထိတွေ့အောင် အချိန်အကြာကြီး မထားခဲ့ပါနဲ့။ အရည်တွေ ဖိတ်စင်သွားရင် ချက်ချင်းဆိုသလို ခြောက်အောင် သုတ်ပေးသင့်ပါတယ်။

  • စိုထိုင်းဆများသောနေရာများ သို့မဟုတ် နေရောင်ခြည်တိုက်ရိုက် သို့မဟုတ် မိုးရွာသောနေရာများတွင် စတီးပရိဘောဂကို မထားပါနဲ့။

  • ကြမ်းတမ်းသော ပိုးသတ်ဆေးများကို မသုံးပါနှင့်။ ပျက်စီးစေနိုင်သောကြောင့်ဖြစ်သည်။ အညစ်အကြေး သို့မဟုတ် အဝါရောင်အစွန်းအထင်းများရှိလျှင် ဘက်စုံသုံး အစွန်းအထင်းဖယ်ရှားသည့်ခရင်မ်ကို အသုံးပြု၍ ပွတ်တိုက်နိုင်ပါသည်။

  • ကားအပေါ်ယံတွင်သုံးသည့် ဖယောင်းကို အသုံးပြုပေးခြင်းသည် သံချေးတက်ခြင်းမရှိစေရန် အခြားနည်းဖြင့် ကူညီပေးသည်။


วิธีแก้ไข เมื่อตู้เก็บของเหล็กเป็นสนิม

သံချေးတက်နေသော စတီးဗီဒိုကို သင်ကိုယ်တိုင် ပြင်ဆင်နိုင်သည်။ သင်ထင်ထားတာထက် ပိုလွယ်ပါတယ်။

တစ်စုံတစ်ယောက်၏အိမ်တွင် စတီးဗီဒိုရှိပြီး သံချေးတက်နေသော ပြဿနာနှင့် ရင်ဆိုင်နေရပါက ဤအဆင့် ၃ ဆင့်ကို လိုက်နာကြည့်ပါ။ ၎င်းတို့သည် သံချေးများကို ဖယ်ရှားရန်နှင့် သင့်စတီးဗီဒိုများကို ပြန်လည်ကောင်းမွန်စေရန်အတွက် အာမခံပါသည်။

Step 1: ရှာလကာရည်နဲ့ ရေရောစပ်ပြီး ပဏာမသန့်စင်ပါ။ သံချေးတက်နေသောနေရာကို သေချာစွာဆေးကြောပါ။ ပြီးတော့ လက်အိတ်ကို အချိန်တိုင်း ၀တ်သင့်ပါတယ်။ ဓာတုပစ္စည်းများကို အရေပြားနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပေးသည်။

Step 2: သံချေးတက်နေသော နေရာအားလုံးကို ပွတ်တိုက်ရန် ကော်ဖတ်ကို အသုံးပြုပါ။ ကော်ဖတ်တိုက်ပြီးသည်နှင့် ကက်ဘိနက် ခြောက်သွေ့သွားပါပြီ။ Epoxy resin ကို သံချေးကိုက်ပြီး အပေါက်များရှိသော နေရာများတွင် ဖြည့်စွက်ရန် အသုံးပြုနိုင်သည်။

Step 3: စတီးပရိဘောဂအပေါ်တွင် သံချေးမတက်သည့် မှုတ်ဆေးဖြန်းပါ။ ထို့နောက် သင်ဖြန်းလိုသော အရောင်ဖြန်းဆေးကို အသုံးပြုပါ။ ဤသည်မှာ စတီးဗီဒိုများ တောက်ပနေစေရန် ကူညီပေးသည်။


ဤသည်မှာ ကျွနု်ပ်တို့မျှဝေပေးထားသော စတီးဗီဒိုများထိန်းသိမ်းခြင်းဆိုင်ရာ ဗဟုသုတနှင့် အကြံပြုချက်အချို့ဖြစ်သည်။ စတီးဗီဒိုများကို အသုံးပြုရာတွင် သံချေးတက်မှာကို စိတ်ပူစရာမလိုဘဲ ယုံကြည်မှုတိုးစေရန် ကူညီပေးခြင်းဖြစ်သည်။ မိမိတို့ KIOSK စတီးပရိဘောဂတွင် လိုအပ်တိုင်းနှင့်ကိုက်ညီသည့် အရည်အသွေးကောင်းမွန်သော စတီးဗီဒိုများစွာရှိပါသည်။ အထူးသက်သာသောစျေးနှုန်းဖြင့် အရောင်မျိုးစုံနှင့် အရွယ်အစားများစွာ ရွေးချယ်နိုင်ပါသည်။ မိမိတို့ KIOSK ရှိပရိဘောဂများနှင့် လစဥ်ပရိုမိုးရှင်းများကို မိမိတို့၏ website တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ (၃)သိန်းဖိုးနှင့်အထက်မှာယူပါက ရန်ကုန်မြို့အတွင်း အခမဲ့ပို့ဆောင်ပေးမည်ဖြစ်သည်။ အခုပဲ KIOSK ခေတ်မီပရိဘောဂရဲ့ Facebook Page ကတစ်ဆင့် သင်လိုအပ်နေတဲ့ စတီးဗီဒိုတစ်လုံးကို ချက်ချင်းဝယ်ယူလိုက်ပါ။